ဘားအံ - နိုဝင်ဘာ (၅)
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဒေသတွင်း တိရစ္ဆာန်အစာဖူလုံစေရေး၊ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းချိုသာသော အစာများကို အလွယ်တကူဝယ်ယူ ရရှိနိုင်စေရေးအတွက် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)၌ Gold Feed အစာစပ်စက်ရုံကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါအစာစပ်စက်ရုံကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သန်း(၃၀၀၀)ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စက်ရုံပိုင်ရှင်က ကြက် စာမှုန့် အိတ်(၂၀)အား ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စက်ရုံဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ Gold Feed အစာ စပ်စက်ရုံကိုတည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မွေးမြူရေးတောင်သူများ၏ ကုန်ထုတ်လုပ်မှုစရိတ်ကို လျှော့ချပေး နိုင်မည်ဖြစ်သကဲ့သို့ အသားကဏ္ဍနှင့်ဥကဏ္ဍဖွံ့ဖြိုးမှုကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကာ စက်ရုံတာဝန်ရှိသူ များအနေဖြင့်လည်း စက်ရုံရေရှည်တည်တံ့ခိုင်မြဲစေရေး၊ တိရစ္ဆာန်အစာအရည်အသွေးစဉ်ဆက်မပြတ်ကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကိုအထူးဂရုပြုဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Gold Feed အစာစပ်စက်ရုံအတွင်း ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်အစာထုတ်လုပ်သောစက်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စက်ရုံအတွင်း လှည့် လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဘားအံစက်မှုဇုန်၏ စက်မှုကဏ္ဍရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စက်ရုံ(၁၁)ရုံ အသစ်တည်ဆောက်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်(၁၁၀၈)သန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စက်ရုံ ၁၆ ရုံ၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျပ်(၆၄၅၀)သန်း တိုးတက်ခဲ့ကာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် စက်ရုံ ၃ ရုံ အသစ်တည်ဆောက် ၍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် (၃၈၀၀)သန်း တိုးတက်လာကြောင်း အဆိုပါစက်ရုံဖွင့်ပွဲမှ သိရသည်။
ဆက်လက်၍ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)၏ (၄)ခန်းတွဲ(၄)ထပ် ဆရာဝန်အိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါအဆောက်အဦ ရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး အဆောက်အဦကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ရည်များပက်ဖြန်းပေးကြကာ အဆောက်အဦသစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆောက်အဦသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးမြင့်သူက ဆရာဝန်အိမ်ရာအဆောက်အဦသစ်နှင့် ပတ် သက်သည့်စာရွက်စာတမ်းများကို ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြပါသည်။















