မြဝတီမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်ပါဝင်သော မြဝတီမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ မြန်မာ - ထိုင်း နယ်စပ်တွင် တည်ရှိသည်။ တောင်မှမြောက်သို့စီးသော သောင်ရင်းမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိ၍ မြစ်၏ တဖက်ကမ်း၌ ထိုင်းနိုင်ငံအပိုင် မယ်တော်ရွာ၊ မဲဆောက်မြို့တို့ရှိသည်။ ကော့ကရိတ်မြို့နှင့်မူကား ကားလမ်းအားဖြင့် ၃၉ မိုင် သွားရသည်။ ကော့ကရိတ်မြို့နှင့် မြဝတီမြို့အကြားတွင် ဒေါနတောင်တန်းရှိသည်။ ဒေါန တောင်စဉ်၏ နောက်ဆုံးတောင်ပေါ် စခန်းဖြစ်သော သင်္ကန်းညီနောင်နှင့် မြဝတီမြို့သည် ၉ မိုင်မျှသာ ကွာဝေးသည်။ တောင်စဉ်တောင်တန်းများသည် မတ်စောက်သည်။ ဒေါနတောင်စဉ်တွင် အမြင့်ဆုံးတောင်သည် တရုတ်ဖြူတောင်ဖြစ်သည်။ အမြင့် ပေ ၅,ဝဝဝ ခန့် ဖြစ်ပြီး မြဝတီတွင် သစ်တောကြိုးဝိုင်းများစွာ ရှိသည်။ မြဝတီမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၁၁၃,၁၁၅ ဦး ဖြစ်သည်။ နေထိုင်သူများမှာ ရှမ်း၊ မြန်မာ၊ ကရင်၊မွန်၊ ပအိုဝ်း(တောင်သူ)၊ အိန္ဒိယနှင့် တရုတ်အမျိုးသား အနည်းငယ်တို့ဖြစ်၏။ များသောအားဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြဝတီမြို့သည် နယ်စပ် ဖြစ်သည်အလျောက် ထိုင်းနိုင်ငံနှင့် ကူးသန်း ရောင်းဝယ်မှု များစွာပြုသော နေရာဖြစ်ပါသည်။

ဒေသန္ဒရ သတင်းအချက်အလက်များ

Attachment Size
မြဝတီ(9-27-23).pdf (1.96 MB) 1.96 MB
Map_0.pdf (146.43 KB) 146.43 KB

ရာသီဥတု

MYAWADDY WEATHER

မြေပုံ

Photo Galley