ဘားအံမြို့ (အင်္ဂလိပ်: Hpa-an) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်က သံလွင်မြစ် ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ရွာကလေးတည်ရာ သံလွင်မြစ်၏ကမ်းစွယ်တွင် အဓိကရ ကျောက်စွန်းကြီးတစ်ခု ရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟု အမည်တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင် မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင် ဖြစ်သည်။ တောင်ပေါ်တွင် ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ရှိသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရသည်။ ဘားအံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည်။ ဇွဲကပင်တောင်၊ကြာအင်းတောအရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။င်၊တောင်ဝိုင်းတောင်၊ဖားပုတောင်တို့သည် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဘားအံမြို့၏ ထင်ရှားသော ခရီးသွားတို့၏ဆွဲဆောင်ရာနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားအများစုစိတ်ဝင်စားမှုရှိနေသည့် ဒေသတစ်ခုဖြစ်သည်။

ဒေသန္ဒရ သတင်းအချက်အလက်များ

Attachment Size
Hpa- an Township Data (1).pdf (773.95 KB) 773.95 KB
Map.pdf (146.43 KB) 146.43 KB

ရာသီဥတု

HPA-AN WEATHER

မြေပုံ