ဘားအံ - အောက်တိုဘာ (၂၉)

            နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထောင်ကလပ်ကျေးရွာအုပ်စု၊ ကော့ထေး ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာ သော ကော့ထေးကျေးရွာရပ်မိ၊ရပ်ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်နှင့်အစိုးရအဖွဲ့ဝင် များက ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြ သော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

            အဆိုပါကွန်ကရစ်လမ်းသစ်ကို ၂၀၂၆-၂၀၂၇ ခု ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၉၇ ဒဿမ ၆၂၀ သန်းဖြင့် အရှည် ၄ ဒဿမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ၊ Box Culvert တစ်စင်းတို့ကို ဒေါနကြယ်စင်ကုမ္ပဏီနှင့်ဇွဲကပင်မေမေကုမ္ပဏီ တို့က တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းအားဖြတ် သန်းကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            လမ်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကော့ထေးကျေးရွာအဝင်လမ်းကွန်ကရစ်လမ်းသစ်သည် နိုင်ငံ တော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များ ပြောကြားခဲ့ပါသည်။