ကရင်ပြည်နယ်နှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်(Objective)၊ ရည်မှန်းချက်၊ မျှော်မှန်းချက် (Vision and Mission)နှင့် မူဝါဒ(Policy)တို့၏ အချက်အလက်များ
 

ရည်ရွယ်ချက်( Objective) 

  • ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ အလုပ်အကိုင်ရရှိရေး၊ ဒေသအတွင်း ခရီးသွားလုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
  • ကရင်ပြည်နယ်အစိုးရသည် ကရင်ပြည်နယ်တွင်း ဒေသခံပြည်သူများအားလုံး၏ သာယာဝပြောရေးနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားပါမည်။
  • ဒေသတွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ရင်းဖြင့် ‌ဒေသခံပြည်သူများအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်။
 
 

မူဝါဒ(Policy) 

  • ပွင့်လင်းမြင်သာပြီး ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ်ဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်
  • ပုဂ္ဂလိကပိုင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်။
  • လျှပ်စစ်ဓာတ်အား၊ လမ်းများစသည့် ပြည်နယ်၏အခြေခံစီးပွားရေး အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန်။
  • နိုင်ငံရပ်ခြားမှ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသားများ၏ နေထိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ဦးစားပေးဆောင်ရွက်ရန်။
  • ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီတိုးတက်လာစေရန်။
  • အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရန်၊ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမို စောင့်ရှောက် ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များအား ရေရှည်ထိန်းသိမ်းလျက် ပြည်နယ်၏ စီးပွားရေးအခြေခိုင်မာလာစေရန်။
  • ဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံနှင့် ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်ရန်။
  • တိုင်းရင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက် တတ်မြောက်အောင် ဆောင်ရွက်၍ ဒေသတွင်း အလုပ်အကိုင်များ ပိုမိုရရှိလာစေရန်။
  • ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာပြီး တရားဥပဒေ စိုးမိုးမှု အပြည့်အဝ ရရှိစေရန်။
 
 

ရည်မှန်းချက် (Vision) 

  • နိုင်ငံတော်၏ စီးပွားရေး မူဝါဒများနှင့်အညီ ပြည်နယ်၏ စီပွားရေးမူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်းဖြင့် ကရင်ပြည်နယ်သည် ပြည်သူကိုဗဟိုပြု၍ ပြည်သူများအားလုံး ပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေရန်။
  • ကရင်ပြည်နယ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းသာယာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်။
  • ကရင်ပြည်နယ်အတွင်း ဒေသအနှံ့အပြားတွင် နေထိုင်သော တိုင်းရင်းသားများအားလုံး ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေသည့် စီးပွားရေး အခြေအနေကောင်းများ ရရှိရေး ဆောင်ရွက်ရန်။
  • ပြည်နယ်အတွင်းစွမ်းဆောင်ရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်စေရန်။
 
 

မျှော်မှန်းချက် (Mission) 

  • ကရင်ပြည်နယ်တွင်း နေထိုင်သော ဒေသခံပြည်သူများအားလုံး နေထိုင်မှုအဆင့်အတန်း မြင့်မားရေးနှင့်စားဝတ်နေမှု ဖူလုံရန်။
  • အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်။
  • ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိစေရန်။
  • လယ်ယာကဏ္ဍကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သော အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်။
  • သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်။