ဘားအံ - အောက်တိုဘာ (၂၂)
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး၊ ပစ္စည်းလေးပါးအဆင်ပြေစေရေးနှင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်၏ (၇၇)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ စေတီတော် ရင်ပြင်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒ ဆရာတော်ကြီးများအားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး အောင်ချမ်းသာမြတ်စွာဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး တို့ကို ကပ်လှူပူဇော်ခဲ့ကြသည်။
ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၏ (၇၇) ကြိမ်မြောက် ဆွမ်းဆန်လောင်းလှူပွဲကို အဆိုပါစေတီတော် တည်နေရာမှစတင်၍ ဆွမ်းဆန်တော်ကိုလောင်းလှူကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ စေတနာရှင်၊ အလှူရှင်များက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၆ ကျောင်း၊ ရဟန်း၊ သံဃာတော်၊ သာမဏေ ၂၁၄၅ ပါး၊ သီလရှင်ကျောင်း ၁၄ ကျောင်း၊ သီလရှင် ၆၃၅ ပါး စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၂၇၈၀ ပါးတို့အား ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ကို လောင်းလှူခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဆွမ်းဆန်တော်လောင်းလှူပွဲကို သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ယနေ့သည်နောက်ဆုံးနေ့ဖြစ်သည် နှင့်အညီ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ကြွရောက်ချီးမြှင့်တော်မူကြသည့် ရဟန်း၊သာမဏေ၊သီလရှင်များ၊ ဆွမ်းဆန်တော်လာရောက်လောင်းလှူကြသည့် ဧည့်ပရိတ်သတ်များဖြင့် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ခဲ့ရပြီး ထိုသို့ဆွမ်းဆန်တော်လောင်းလှူနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပရာ ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စည်ကားသိုက် မြိုက်စွာနှင့်အောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူပြုလုပ်ငန်းကော်မတီအသီးသီးဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်မျးကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အသိပညာပေးပြခန်းများ MSME ပြခန်းများခင်းကျင်းပြသနိုင်ရေး၊ ဒုံးအကပြိုင်ပွဲများ၊အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပနိုင်ရေး၊ သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲများထည့်သွင်းကျင်းပနိုင်ရေး၊ အထိမ်းအမှတ်အခြေခံ အဆောက်အဦ ဖွင့်ပွဲများကျင်းပနိုင်ရေး၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များချီးမြှင့်နိုင်ရေး ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားကြို ဆိုနေရာချထားရေး၊ ဒုံးအကပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက်ယာဉ်များကြိုတင်စုဖွဲ့ ထားရှိမှု၊ လက်ဝှေ့ပြိုင်ပွဲဆုကြေးနှင့်ဇယားများ၊ ပြခန်းများအားဆုချီးမြှင့်ပေးနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ခင်းကျင်းပြသနိုင်ရေး၊ ဒုံးအကအဖွဲ့များစေလွှတ်ယှဉ်ပြိုင်နိုင်ရေး၊ အားကစားသမားများစေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေး တင်ပြကြကာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကော်မတီက ကြီးမှူးကျင်းပသော Myanmar National League-2 တွင် ယှဉ်ပြိုင်ကစားနေသော Elite Kings FC အသင်းအား ကရင်ပြည်နယ်ကိုယ်စားပြုအသင်းအဖြစ် ယှဉ်ပြိုင် ကစားနိုင်ရေး အဆိုပြုတင်ပြလာသော အသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာ လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်း၊ လူမှုရေး ရာဝန်ကြီးဦးစောထွန်းအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အသင်း၏စီမံခန့်ခွဲမှုဖွဲ့စည်းပုံ၊ အတွေ့အကြုံနှင့်တိုးတက်လာမှု၊ ပြည်နယ်အတွင်း ထူးချွန်ကစားသမားများရှာဖွေဖော်ထုတ်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။















