ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 09 Posted Under:

လှိုင်းဘွဲ    -  မတ်လ(၉)

            ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ရှေးဟောင်းသမိုင်းဝင်ညီနောင်သုံးဆူ ဗုဒ္ဓပူဇနိယ အထိမ်းအမှတ် ‘ ဗုဒ္ဓပူဇနိယဖလား’ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့ တပ်နယ်လေယာဉ်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

            ဖွင့်ပွဲအခမ်းအနားတွင် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအထိမ်းအမှတ်အလံအား တိုင်တဝက်လွှင့်ထူခြင်း၊ ရှေးဟောင်သမိုင်းဝင် ညီနောင်သုံးဆူ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီဉက္ကဌ လှိုင်းဘွဲမြို့နယ် သံဃ၊နာယက အဖွဲ့အကျိုးတော်ဆောင် မဲဆမိတ်ဆရာတော် ဘဒ္ဒန္တ စန္ဒရ က ဩဝါဒအဖွင့်အမှာစကားပြောကြား ခဲ့သည်။

            ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဌာန် ရွတ်ဆိုပြီး ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူ ဗုဒ္ဓပူဇနိယ အထိမ်းအမှတ် ‘ ဗုဒ္ဓပူဇနိယဖလား’ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဘောလုံးအသင်း(၈၂)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

PREVIOUS POST