ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 08 Posted Under:

 မြဝတီ ၊  မတ် ( ၉ )

      ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း( VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို မတ်လ (၈) ရက်နေ့ ၊  နံနက်(၁၀)နာရီအချိန်က  မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

     ရှေးဦးစွာ မြဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးနေဝင်းက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ကျေးရွာသူကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးဦးနေဝင်း၊မြဝတီ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် တက်ရောက် လာသည့်ဌာနဆိုင်ရာများက  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၁) ရွာသို့ ကျေးရွာတစ်ရွာကို ငွေကျပ်သိန်း (၁၀၀)စီပေးအပ်ရာကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်ရေး ကော်မတီဝင်များက လက်ခံရယူရသည်။

       မြဝတီမြို့နယ်အတွင်း (၂၀၁၇ - ၂၀၁၈) ဘဏ္ဍာနှစ်မှစတင်၍ (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာနှစ်အထိ ၊ ကျေးရွာပေါင်း (၃၄)ရွာကို  ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

PREVIOUS POST