ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 08 Posted Under:

လှိုင်းဘွဲ    -  မတ် ( ၈ )

      လှိုင်းဘွဲမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ေရးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့ပူး‌ပေါင်း၍ပွင့်လင်းရာသီရောက်လာပြီး ဖြစ်ပါ‌‌သောကြောင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြခြင်းကို မတ်လ (၆) ရက်‌နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

     အဆိုပါ မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးလှိုင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးနှင့် မီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့်အုပ်၍ မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးသုံးစွဲမှု အဆင့်ဆင့်တို့ကို မီးသတ်ဝန်ထမ်းများက လက်တွေ့ပြသခဲ့ကြောင်း သိရှိရသည်။

PREVIOUS POST