ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 08 Posted Under:

ကော့ကရိတ် ၊ မတ် (၄)

    ပူး​​ပြင်းခြောက်သွေ့သော ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် ဌာနပိုင်ရုံးများမီးလောင်ဆုံးရှုံးမှုများမရှိစေရေးနှင့် ပြည်သူများအားဆက်လက်အသိပညာ ပြန့်ပွားလာစေရေးအတွက်ရည်ရွယ်၍ ကေ့ာကရိတ်မြို့ရှိမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းကို မတ် (၄) ရက် ညနေ (၂) နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝင်းအတွင်း၌  သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

       ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်ဖြိုးက မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဗူး ကိုယ်တွယ်အသုံးပြုရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

     ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မီးသတ်ဆေးဗူးနှင့် ရေစိုအဝတ်တို့ကိုအသုံးပြု​ပြီး မီးငြိမ်းသတ်ခြင်းနှင့် လျှပ်စစ်ဝိုင်ယာကြိုးများတွင် မီးလောင်မှုများကြုံတွေ့လာပါက မီးငြိမ်းသတ်ရမည့်နည်းလမ်းများကို ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

PREVIOUS POST