ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 09 Posted Under:

ကြာအင်းဆိပ်ကြီ- မတ်( ၉ )

            ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို မတ်လ( ၉ ) ရက်နေ့ ၊  နံနက် (၁၀)နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌   ပြုလုပ်ကျင်းပသည်။အဆိုပါစီမံကိန်းသုံးသပ်ဆွေးနွေးပွဲတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးရန်နိုင်က စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း ကိစ္စရပ်များ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် သက်တမ်းတိုးဆောင်ရွက်သည့် ကိစ္စရပ်များ စောင့်ကြည့်စစ်ဆေးခြင်းနှင့်အကဲဖြတ်ခြင်း စသည့်လုပ်ငန်း စဉ်များအား ရှင်းလင်းပြောကြားသည်။

             ထို့နောက်ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် စီမံကိန်းအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များမှ စီမံကိန်းကျေးရွာများ ရွေးချယ်ရေးစံနှုန်းများနှင့် ရွေးချယ်ရေးနည်းလမ်းအပေါ် သုံးသပ်အကြံပြုခြင်း ချေးငွေထုတ်ရာတွင် လုပ်ငန်းရာသီခွင်နှင့် ကိုက်ညီစေရေးဆောင်ရွက်ရန်ကိစ္စရပ်များ E-Payment Digital Financing စနစ်ဖြင့် ဆောင်ရွက်မည့်နည်းလမ်းအပေါ် သုံးသပ်အကြံပြုချက်များ စီမံကိန်းအကောင်အထည်ဖော်ရေး လက်စွဲစာစောင်အပေါ် ပြင်ဆင်သင့်သည့်အချက်များ စီမံကိန်းရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများ ၊ ချေးငွေများ ပုံမှန်ပြန်လည်ရရှိရေးအတွက် ချမှတ်သင့်သည့်စည်းကမ်းများ ဆောင်ရွက်သင့်သည့်နည်းလမ်းများ ၊ ကြွေးကျန်ဖြစ်ပေါ်နေသည့် စီမံကိန်း ကျေးရွာများတွင် ရန်ပုံငွေဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်မည့်အစီအစဉ်များ ရန်ပုံငွေအရင်းဆပ်ကာလ သက်တမ်းတိုးဆောင်ရွက်သည့်ကိစ္စရပ်များ စီမံကိန်းရန်ပုံငွေ ပြန်လည်အပ်နှံသည့်ကျေးရွာများတွင် မတည်ရန်ပုံငွေကျပ် သန်း(၃၀)အား အပ်နှံပြီးဖြစ်သော်လည်း ကြွေးကျန်ရှိသည့်ကျေးရွာများအား ပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့နောက်မြို့နယ်ဦးစီးမှူးက လက်ရှိဆောင်ရွက်နေသော စောင့်ကြည့်စစ်ဆေးရေးစနစ်အပေါ် အကြံပြုတင်ပြချက်နှင့် ထပ်မံဆောင်ရွက်ရန်လိုမပ်သောသင်တန်းများ Covid-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စီမံကိန်းကျေးရွာများအပေါ် ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် မြန်ဆန်စေရေးအတွက် ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။

PREVIOUS POST