ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 09 Posted Under:

ဘားအံ- မတ် ( ၆ )

              ကရင်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည်။

            အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက တည်ဆောက်ရေးလုပ်ငန်းများ နှင့် စပ်လျဉ်းသည့် မူဝါဒ ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ (၂၀၂၀−၂၀၂၁) ဘတ်ဂျက်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရန်ပုံငွေခွင့်ပြုထားပြီးသည့်ဌာနများအနေဖြင့် တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းနှင့် သက်ဆိုင်ရာတင်ဒါအောင်မြင်သည့်ကုမ္ပဏီများဖြင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတစ်ချို့မှာ (၂၅) ရာခိုင်နှုန်းခန့်နှင့် တစ်ချို့မှာ (၅၀) ရာခိုင်နှုန်းခန့် ပြီးစီးနေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော် ရန်ပုံငွေတောင်းခံခြင်း နှင့် တင်ဒါဆိုင်ရာစံထားသတ်မှတ်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာညွှန်ကြားချက်အမှတ်(၇/၂၀၂၀) အတိုင်း ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဦးကျော်စိုး၊ အဖွဲ့ဝင်(၄)ဦးစောခင်မောင်မြင့်တို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအတွင်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

PREVIOUS POST