ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 09 Posted Under:

ဘားအံ- မတ်( ၆ )

              ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ (၆) ရက်နေ့ ၊ နံနက်ပိုင်းက ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။

       ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများဦးဆောင်၍ ဆရာတော်၊သံဃာတော်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည့် Volunteer စေတနာ့ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးရန်လာရောက်ကြသူများကို ရင်ရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို၊သွေးချိုတိုင်းတာပေးခြင်း အစရှိသည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဦးစွာဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်သည်ဟု သိရသည်။

           ဘားအံမြို့နယ်တွင် ကိုဗစ် (၁၉) ကာကွယ်ဆေးထိုး စုရပ်(၄)နေရာခွဲထားပြီး မနက်(၈)နာရီမှ ညနေ(၄)နာရီထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကာ စုရပ်တစ်ခုလျှင် တစ်ရက် လူ ၂၀၀ ဦးကျော်ခန့်မျှော်မှန်း၍ မတ်လ( ၆ ) ရက်နေ့မှ (၈) ရက်နေ့ထိ (၃) ရက်တာကာလအတွင်း လူဦးရေ ( ၂၅၀၀ ) ဦးခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

PREVIOUS POST