ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 08 Posted Under:

ဖာပွန် ၊ မတ်( ၇ )

     ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သံဃာတော်များ၊သီလရှင်ဆရာလေးများနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။

     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက တစ်ကြိမ်လျှင်(၁၀)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ဖာပွန်မြို့နယ်အတွင်းရှိ သံဃာတော်များ၊သီလရှင်ဆရာလေးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

     အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖာပွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ဖာပွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ဦးတို့က လာရောက်ကြည့်ရှုခဲ့ပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် လေးပတ်အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

NEXT POST