စုကလိ မတ် ၂၇
နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှေးဟောင်းသမိုင်းဝင် မုလအိဆံတော်ရှင်စေတီတော်မြတ်အား ရွှေထီး တော်ငှက်မြတ်နားတော်စိန်ဖူးတော်အသစ်တင်လှူဆက်ကပ်ခြင်း အခမ်းအနားအား ယနေ့နံနက် (၈) နာရီ ခွဲအချိန်က ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ တာနောထကျေးရွာတွင်ရှိသော မုလအိဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ နံနက် (၆) နာရီအချိန်တွင် ဆရာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူ ဒါန်းကြပြီး မုလအိဆံတော်ရှင် အမျိုးသားဘုရား၊အမျိုးသမီးဘုရား၊ မုဆိုးတောင်ဘုရားနှင့်နတ်ရေကန် ဘုရားတို့ကို ရွှေထီးတော်တင်လှူခဲ့ကြပြီး ဆရာတော်သံဃာတော်များက အနေကဇာတင်ခြင်းများအား ရွတ်ဖတ်သရဇ္စ◌ျာယ်ပေးခဲ့ကြသည်။
အမြင့်ပေပေါင်း ၆၂၈၅ ပေ အထက်တွင် တည်ရှိသဖြင့် မုလအိဆံတော်ရှင်မှာ လေဒဏ်မိုးဒဏ်တို့ ပြင်းထန်စွာ တိုက်ခတ်လွန်းသဖြင့် နှစ်စဉ်ထီးတော်အသစ်အား တပေါင်းလပြည့်နေ့တွင် တင်လှူပူဇော် ကြောင်း သင်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။