ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကျင်းပ
ဘားအံ - ဧပြီ (၂)
ကရင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားလာစေ ရန်နှင့် အပြန်အလှန်နားလည်မှုတိုးပွားကာ မိမိပြည်နယ်အကျိုးအတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားတွင် ကျင်းပလျှက်ရှိရာ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသည်။