ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 03 Posted Under:

ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဘားအံ - ဧပြီ (၃) ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကပြိုင်ပွဲများ၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်၊ စင်တင်တေးဂီတဖျော်ဖြေ ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ သက်ကြီးပူဇော်ပွဲနှင့်ဇီဝိတဒါနာငါးလွှတ်ပွဲများ စသည်ဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပသွားမည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီများ၏ (၃/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

Status Published: Apr 03 Posted Under:

ရှေ့တန်းရောက်တပ်မတော်သားများအတွက် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ခေါက်ဆွဲခြောက်များပေးအပ်လှူဒါန်း

ဘားအံ - ဧပြီ (၃) ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများ အတွက် ကရင်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ငွေကျပ် ၂၀၅၀၀၀၀ဝိ/-(နှစ်ရာ့ငါးသိန်း) တန်ဖိုးရှိ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ ဝေးခန်း(၂)၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

Status Published: Apr 03 Posted Under:

ဘားအံ၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ရေးသင်တန်းဆင်း

ဘားအံ - ဧပြီ (၃) ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ရေးသင်တန်းဆင်းပွဲကို ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပသည်။

Status Published: Apr 02 Posted Under:

ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ - ဧပြီ (၂) ကရင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားလာစေ ရန်နှင့် အပြန်အလှန်နားလည်မှုတိုးပွားကာ မိမိပြည်နယ်အကျိုးအတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားတွင် ကျင်းပလျှက်ရှိရာ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသည်။

Status Published: Apr 02 Posted Under:

တောင်သူ(၂၉)ဦးအား ပထမအကြိမ်သီးနှံလျှော်ကြေး သိန်းငါးရာကျော်ပေးအပ်

ဘားအံ - ဧပြီ (၂) ၆၆ ကေဗီ ဘုရားကုန်း-မိသရောင် ဓာတ်အားလိုင်း(၇ ဒဿမ ၆ )မိုင်တည်ဆောက်ရာတွင် လိုင်းနှင့် မလွတ် ကင်းသည့် သီးနှံပင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပထမအကြိမ် သီးနှံလျှော်ကြေးငွေကျပ် သိန်းငါးရာ ကျော်ကို တောင်သူ ၂၉ ဦးထံ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပေးအပ်ခဲ့သည်။

Pages