ဘားအံ - ဧပြီ (၂)
၆၆ ကေဗီ ဘုရားကုန်း-မိသရောင် ဓာတ်အားလိုင်း(၇ ဒဿမ ၆ )မိုင်တည်ဆောက်ရာတွင် လိုင်းနှင့် မလွတ် ကင်းသည့် သီးနှံပင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပထမအကြိမ် သီးနှံလျှော်ကြေးငွေကျပ် သိန်းငါးရာ ကျော်ကို တောင်သူ ၂၉ ဦးထံ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပေးအပ်ခဲ့သည်။
သီးနှံလျှော်ကြေးပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ၆၆/၁၁ ကေဗွီ(၁၀)အမ်ဗွီအေ မိသရောင်ဓာတ်အား ခွဲရုံကို ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ ၆၅၈ သန်းကျော်ဖြင့်တည်ဆောက်ခဲ့ပြီး ၆၆ ကေဗွီဓာတ်အားလိုင်း ၇ ဒဿမ ၆ မိုင် ဆွဲသားခြင်းကို ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၈၁၈ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါ ဓာတ်အားခွဲရုံမှ ဘားအံမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၉ ရွာ မီးသုံးစွဲသူ ၆၀၆၀ ဦး၊ ပိုင်းကျုံမြို့မှ ကျေးရွာပေါင်း ၉ ရွာ မီးသုံးစွဲသူ ၁၂၆၅ ဦးတို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော တောင်သူ ၂၉ ဦး၏ သီးနှံလျှော်ကြေးငွေ စုစုပေါင်း (၁၀၅)သန်းကျော်အနက် ပထမအကြိမ်အနေဖြင့် ငွေကျပ် (၅၀၄၂၀ ၀၀ဝိ/-) သိန်းငါရာကျော်ကို ပေးအပ်သွားမည်ဖြစ်ကာ ဓာတ်အားခွဲရုံအသစ်နှင့်ဓာတ်အားလိုင်းများ တည်ဆောက်နိုင် ရန် စီစဉ်ဆောင်ရွက်ပေးသော တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တောင်သူ(၂၉)ဦးတို့အား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော တောင်သူ(၂၉)ဦး၏ သီနှံပင်များအတွက် လျှော်ကြေးငွေ များကို တစ်ဦးချင်းစီ ပေးအပ်ခဲ့ကြပြီး တောင်သူ(၂၉)ဦးကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။