ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

အရှေ့ပိုးကရင်

အရှေ့ပိုင်းကရင်မျိုးနွယ်စုသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာရီတိုင်းတို့တွင် အများဆုံး နေထိုင်ကြသည်။

စကောကရင်

စကောကရင်မျိုးနွယ်စုသည် ဧရာဝတီ၊ စစ်တောင်းနှင့် ပဲခူးရိုးမ၊ ရန်ကုန်တိုင်းတို့တွင် အများအပြား နေထိုင်ကြသည်။

ပလေချီးပလေကီး

ပလေချီးပလေကီးကရင်အမျိုးသားများသည် ခဲဖြူတိုက်ပလေချောင်း(ပသီချောင်း)ဖျားခံရာ အရပ်ရှိ ကျွဲဖြူတောင်၊ ပလချီး၊ တောဖျာကလေး၊ ငွေတောင်ကြီး၊ ငွေတောင်ကလေးရွာများတွင် နေထိုင်ကြသည်။

တလေပွာကရင်

စကောကရင်မျိုးကွဲတွင်ပါဝင်သော တလေပွာကရင်မျိုးသားများသည် ဘောကလိ၊ မော်ချီးကား လမ်းနှင့် (၂၅)မိုင်အကွာ တောင်ပေါ်အထက်ရွာများဖြစ်ကြသည့် ဝါဆို၊ ရိုးဆို၊ သေဂီလာ၊ ဘောခါ၊ ထီးဝါးလေရွာများတွင် နေထိုင်ကြသည်။

ပကူးကရင်

ပကူးကရင်အမျိုးသားများသည် တောင်ငူ၊ သံတောင်၊ မော်ချီးမိုင်း ဒေသ၊ ဘောကလိ စစ်စီးတောင် နှင့် ပြောင်သိုအရပ်များတွင် နေထိုင်ကြသည်။

ဘွဲကရင်

ဘွဲကရင်အမျိုးသားများသည် သံတောင်မြို့နယ် တောင်ပေါ်ဒေသတစ်လျှောက်တွင် အများအပြားနေ ထိုင်ကြသည်။

မောနေပွာကရင်

မိုပွာကရင်အမျိုးသားတို့သည် တောင်ငူခရိုင်၊ မော်ချီကားလမ်း မိုင်(၂၀)အနီး သံတောင်မြို့နယ် မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာများတွင် နေထိုင်ကြသည်။

ကရင်ဖြူ

ကရင်ဖြူအမျိုးသားများသည် မန္တလေး၊ ပျဉ်းမနား၊ ရမည်းသင်း၊ အရှေ့ဘက်တွင် နေထိုင်ကြသည်။

ပိုး(အနောက်ပိုးကရင်)

အနောက်ပိုးကရင်အမျိုးသားများသည် ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟံသာဝတီခရိုင်၊ ဟသတခရိုင်၊ ဖျာပုံခရိုင်၊ သာယာဝတီခရိုင်၊ ညောင်လေးပင်မြို့နှင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် အများအပြားနေထိုင်ကြသည်။

ကရင်(ထိုကလိဘောင်)

သထုံမြို့နယ်တဝိုက်တွင် နေထိုင်သော ကရင်လူမျိုးများဖြစ်ပြီး ထိုကလိဘောင်ကရင်ဟုလည်း ခေါ်သည်။

ကရင်ပြည်နယ်မြေပုံ

Kayin State is a state of Myanmar.The capital city is Hpa-an also called Pa-An. The relief of Kayin State is mountainous with the Dawna Range running along the state in a NNW - SSE direction and the southern end of the Karen Hills in the Northwest.

သတင်းထုတ်ပြန်ချက်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အရှင်သူမြတ် အား သွားရောက်ဖူးမြော်ကြည်ညို မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင်ကရင်ပြည်နယ်အတွင်းရှိအကျဉ်းသား၊အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

လှပစုံလင် ပြည်နယ်တစ်ခွင် ဓာတ်ပုံများ