ဘားအံ - ဧပြီ (၃)
ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများ အတွက် ကရင်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ငွေကျပ် ၂၀၅၀၀၀၀ဝိ/-(နှစ်ရာ့ငါးသိန်း) တန်ဖိုးရှိ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ ဝေးခန်း(၂)၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တပ်မတော်သည်အဓိကဖြစ်သည့်အတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ကမကထပြု၍ ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်အသင်းအဖွဲ့ ၁၇ ခုမှ အလွယ်တကူစားသုံး နိုင်သော ခေါက်ဆွဲခြောက် ၄၅၉၀၀(လေးသောင်းငါးထောင်ကိုးရာ)ထုပ်ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပေးပို့လှူဒါန်းနိုင်ရေး ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် နှစ်ရာ့ငါးသိန်းကျော်တန်ဖိုးရှိ ခေါက်ဆွဲခြောက် လေးသောင်း ငါးထောင်ကိုးရာထုပ်ကို တာဝန်ရှိသူတစ်ဦးထံထောက်ပံ့ပေးအပ်ခဲ့ပြီး စေတနာရှင်အလှူရှင်ကုမ္ပဏီများနှင့်လုပ်ငန်းရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ တပ်မတော်တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။