ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 17 Posted Under:

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း

ဘားအံ - ဧပြီ (၁၇) မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ ညနေပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

Status Published: Apr 17 Posted Under:

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင်ကရင်ပြည်နယ်အတွင်းရှိအကျဉ်းသား၊အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

ဘားအံ - ဧပြီ (၁၇) မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကိုအလေးထားသောအားဖြင့် ထိုက်သင့်သောပြစ်ဒဏ်များကိုကျခံပြီးသည့်အပြင် စည်းကမ်းကောင်း မွန်စွာနေထိုင်ကြသော အကျဉ်းသား၊အကျဉ်းသူများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊အကျဉ်းသူ ၄၀ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။

Status Published: Apr 14 Posted Under:

ကရင်ပြည်နယ် ဘားအံမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ အေးချမ်းပျော်ရွှင်စွာရေစကားကြသူများဖြင့် စည်ကား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ အတူတကွပါဝင်ဆင်နွှဲ

ဘားအံ - ဧပြီ (၁၄) မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်း ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ် အဆင့်ဝန်ကြီးဌာနရေကစားမဏ္ဍပ်များနှင့်ရပ်ကွက်အလိုက်ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

Status Published: Apr 13 Posted Under:

ဘားအံမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ - ဧပြီ (၁၃) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အတာသင်္ကြန်အကြိုနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

Status Published: Apr 12 Posted Under:

မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

ဘားအံ - ဧပြီ (၁၂) ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့်တန်ဖိုး မြင့်ထုတ်ကုန်များအဖြစ် ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် အစိုးရအဖွဲ့ဝင်များသည် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမွေးမြူရေးဇုန်နှင့်မိဇံမွေးမြူရေးဇုန်ရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Pages