ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 14 Posted Under:

ဘားအံ - ဧပြီ (၁၄) မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်း ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ် အဆင့်ဝန်ကြီးဌာနရေကစားမဏ္ဍပ်များနှင့်ရပ်ကွက်အလိုက်ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာချုပ်ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဘားအံမြို့ သီရိကွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တပင်တိုင်အကများ၊ အနုပညာရှင်များ၏ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းရှိ ပိတောက်ပွင့်သစ်အမှတ်(၂)မဟာ သင်္ကြန်မဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ ပိတောက်အချစ်ဆုံး အမှတ်(၃)ရေကစားမဏ္ဍပ်၊ သယံဇာတရေးရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ လူမှုရေးရာ ဝန်ကြီးဌာနမိသားစုရေကစားမဏ္ဍပ်၊ ပိတောက်ဝါမွှေးအမှတ်(၄)ရေကစားမဏ္ဍပ်၊ စီးပွားရေးရာဝန်ကြီးဌာနရေကစား မဏ္ဍပ်၊ ဘားမဲတောင်သဘာဝဥယျာဉ်ရေကစားမဏ္ဍပ်များသို့ လှည့်လည်၍ ရေပက်ခံထွက် ရေကစားခဲ့ကြပြီး အဆိုပါမဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြ ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်းပေးကာ ဖျော်ဖြေရေးအဖွဲ့ များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း(ဘားအံ-ထုံးအိုင်လမ်း) ခေမာလမ်းထိပ်မှအင်ကုန်းလမ်းထိပ်ထိ ပေပေါင်း ၁၀၀၀ ကျော်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်လမ်းအနေဖြင့်အဖြစ် လျှောက်လမ်းရေပန်းများ၊ ယပ်တောင်ပုံရေပန်းများ၊ လမ်းခုံးရေပန်းများ၊ လောင်းလှေများ၊ ပုသိမ်ထီးနှင့် ပိတောက်ပန်းများဖြင့် ဝေဝေဆာဆာအလှဆင်ထားသော လမ်းလျှောက်သင်္ကြန်တွင် ပတ်ဝန်းကျင်ဒေသများမှ ရေလောင်းရေပက်သူများ၊ ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ရေကစားထွက်သူများဖြင့် အထူးပင်စည်ကားလျက်ရှိရာ စတုဒိသာမဏ္ဍပ်များ တွင် တည်ခင်းဧည့်ခံသော စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင်၍ ဒေသခံတိုင်းရင်းသားပြည်သူများ နှင့်အတူ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိတောက်ဖူးသစ်အမှတ်(၇)မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်၊ ငုဝါပိတောက်အမှတ်(၆)ဖျော်ဖြေရေးမဏ္ဍပ်တို့တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံ ရှင်များ၏သီဆိုကပြ ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း ပေးကာ ဖျော်ဖြေရေးအဖွဲ့ များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ တတိယညအနေဖြင့် ကိုယ်ပိုင်းသံစဉ်ယိမ်းအကအဖွဲ့ (၄)ဖွဲ့၊ Copy သံစဉ်ယိမ်းအကအဖွဲ့(၉)ဖွဲ့၊ တပင်တိုင်အက (၆)ဖွဲ့တို့၏ ညီညာမြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြဖျော်ဖြေ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

PREVIOUS POST