ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 02 Posted Under:

ကရင်စာပေသင်တိုင်းရင်းသားဘာသာပြဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်

ဘားအံ - ဧပြီ (၂) ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်စာပေသင် တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်ပွဲကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင် ကျောင်းသားများရိပ်သာ သင်တန်းခန်းမ၌ ကျင်းပသည်။

Status Published: Apr 01 Posted Under:

ဘားအံတက္ကသိုလ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆင့်ပွားနည်းပြသင်တန်းဖွင့်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်

ဘားအံ - ဧပြီ (၁) ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလှုပ်ရှားမှု နည်းပြများအား ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

Status Published: Mar 29 Posted Under:

နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း

ဘားအံ - မတ် (၂၉) ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များတွင် အချိန်ကိုအကျိုးမဲ့မကုန်ဆုံးစေဘဲ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီက နွေရာသီအခြေခံ အင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းများဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

Status Published: Mar 28 Posted Under:

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ဘားအံ - မတ် (၂၈) ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွန်းလာစေရေး ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး အသက်(၂၅)နှစ် အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို မတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

Status Published: Mar 27 Posted Under:

(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးတခွီး-ရွှေပြည်တောင် ကွန်ကရစ်လမ်းဖွင့်

ဘားအံ - မတ် (၂၆) (၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေကျပ်(၁၈၅ဒဿမ၀၅၉)သန်းဖြင့်ဆောင်ရွက်သော မူးတခွီး-ရွှေပြည်တောင်ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

Pages