ဘားအံ - ဧပြီ (၁)
ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလှုပ်ရှားမှု နည်းပြများအား ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲကို ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ နေပြည်တော်တွင် (၃)ရက်ကြာ ဖွင့်လှစ်ခဲ့သော ဗဟိုနည်းပြသင်တန်းကိုတက်ရောက်ခဲ့ကြသည့် သင်တန်းနည်းပြများက ဝ ထ က လ သ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္ထဗလ၊ မိတ္ထဗလ ၊ ဘောဂဗလ ကိုယ်စီရှိရမည်ဖြစ်ရာ စာပေမတတ်ခြင်းသည်ဗလအားလုံးကိုဆုံးရှုံးရသည်နှင့်တူသည့်အတွက် စာပေ မတတ်သူများအား ယခုကဲ့သို့ စိတ်အားထက်သန်စွာဖြင့် စေတနာအရင်းခံပြီး သင်ကြားပေးကြမည့် တက္ကသိုလ်၊ ပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်ကြီးကြပ်သူများအားလုံးကို ဝမ်းမြောက်ဂုဏ် ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုနည်းပြတစ်ဦးမှ ဆင့်ပွားနည်းပြသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော် ဆောင် ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ နည်းပြများ၊ သင်တန်းသား၊သင်တန်းသူများက စာတတ်မြောက်ရေး လုပ်ငန်းဆိုင်ရာ Video Clip ကို အတူတကွကြည့်ရှုခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ၊ ဖာပွန် မြို့နယ်များတွင် စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ သင်တန်းနည်းပြ(၉)ဦး၊ ဘားအံတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာဦးစီးဌာနမှ စာသင်ဝိုင်းနည်းပြ ၂၀၃ ဦး၊ ကြီးကြပ် ၂၆ ဦးဖြင့် ဆောင်ရွက်သွားရန်လျာထားပြီး ယနေ့သင်တန်းတွင် စာတတ်မြောက်ရေးလုပ်ငန်း၏ သဘောသဘာဝ၊ ပညာရယူပုံ နည်းလမ်းများ၊ ထိရောက်သော သင်ကြားသင်ယူမှုနည်းစနစ်များ၊ အခြေခံမြန်မာစာဘာသာရပ်နှင့်သင်္ချာဘာသာရပ် အခန်းလိုက်သင်ကြားပုံနည်းစနစ် များ၊ ဝ ထ က လ သ မှစ၍ စာတတ်မြောက်ရေး သင်ကြားခြင်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာပံ့ပိုး မှုဖြင့် Mobile Application အသုံးပြုနည်းစနစ်ဖြင့် သင်ကြားပုံနည်းလမ်းများ၊ ကျောင်းပြင်ပပညာရေးနှင့် စာတတ် မြောက်ရေးဆိုင်ရာပညာပေး ဇာတ်လမ်းတိုများ၊ တေးသီချင်းများ အသုံးပြု၍ ပြသပညာပေးခြင်း နည်းလမ်းများ၊ ကြီးကြပ်အကဲဖြတ်ခြင်းဆိုင်ရာပုံစံများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှစာသင်သားပြည်သူများအတွက်လူမှုဘဝ မြင့်မား ရေးဆိုင်ရာအစီအစဉ်များကိုပါ အသိပညာပေးခြင်းများဖြင့် ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၃ ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
အလားတူ ၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၃၁ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အမျိုးသား(၄)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကြားအင်းဆိပ်ကြီးမြို့နယ်အသင်း နှင့် ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြပြီး အဆိုပါပွဲစဉ်တွင် ကြာအင်းဆိပ် ကြီးမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ပိုက်ကျော်ခြင်း အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက အမျိုးသား၊အမျိုးသမီး စပေးဘောအကောင်းဆုံးအားကစားသမားဆု၊ ပင့်ထောင်အကောင်းဆုံးအားကစားသမားဆု၊ ရိုက်ခုတ်အကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသား၊ အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲ ပူးတွဲ တတိယဆု၊ ဒုတိယဆု၊ ပထမဆု ရရှိကြသည့်အသင်းများ၊ အမျိုးသား/အမျိုးသမီး(၄)ယောက်တွဲ ပူးတွဲ တတိယဆု၊ ဒုတိယဆု ရရှိကြသည့်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများပေးအပ် ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကအမျိုးသမီး(၄)ယောက်တွဲပထမဆုရရှိသော ဖာပွန်မြို့ နယ်ပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်းဘေဘီမြင့်က အမျိုးသမီး(၃)ယောက်တွဲ ပထမဆုနှင့် အမျိုးသမီး(၄)ယောက်တွဲ ပထမဆု ရရှိသော ဖာပွန် မြို့နယ်အမျိုးသမီးအသင်းအား ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား(၃)ယောက်တွဲ ပြိုင်ပွဲ ပထမဆုရ ဖာပွန်မြို့နယ်အသင်းနှင့် အမျိုးသား(၄)ယောက်တွဲ ပထမဆုရ ကြာအင်းဆိပ်ကြီးမြို့နယ်အသင်း တို့အား ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။