ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 12 Posted Under:

ဘားအံမြို့ မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဖွင့်လှစ်

ဘားအံ - ဧပြီ (၁၂) ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က ယိမ်းအကနှင့် တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၆ ဖွဲ့၊ တစ်ပင်တိုင်အက ၁၂ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

Status Published: Apr 10 Posted Under:

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ် ပေးအပ်လှူဒါန်း

ဘားအံ - ဧပြီ (၁၀) နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင် ပေးအပ်လှူဒါန်း ပွဲကို ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အလှူရှင်များက ငွေကျပ် သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Status Published: Apr 09 Posted Under:

ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များ တာဝန်ပေးအပ်

ဘားအံ - ဧပြီ (၉) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၉၅၀ ဘီလီယံအကောင်အထည် ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၂ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေး အပ်ပွဲမှ သိရသည်။

Status Published: Apr 08 Posted Under:

ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီတို့၏ (၁/၂၀၂၄)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ - ဧပြီ (၈) ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီတို့၏(၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

Status Published: Apr 04 Posted Under:

စာသင်ဝိုင်းနည်းပြများ၊ကြီးကြပ်များအနေဖြင့် စာတွေ့သာမက မိမိတို့၏စွမ်းဆောင်ရည်များဖြင့်ကြိုးစားသင်ကြား ပေးသွားရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်းပြောကြား

ဘားအံ - ဧပြီ (၄) ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်ဝိုင်းနည်းပြ ၂၀၃ ဦး၊ ကြီးကြပ် ၂၆ ဦး ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဧပြီလ ၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က စာသင်ဝိုင်းများတွင်ပို့ချပေးမည့်နည်းပြများ၊ ကြီးကြပ်များအနေဖြင့် သင်တန်းကပို့ချသည့် စာတွေ့သာမက မိမိတို့ ၏စွမ်းဆောင်ရည်များဖြင့် ကြိုးစားသင်ကြားပေးသွားရန် ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

Pages