ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 12 Posted Under:

ဘားအံ - ဧပြီ (၁၂) ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က ယိမ်းအကနှင့် တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၆ ဖွဲ့၊ တစ်ပင်တိုင်အက ၁၂ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ရှိ သမီးပျိုလေးများ၊ ကိုယ်ပိုင်သံစဉ် ရေးစပ်သီကုံးသောဂီတစာဆိုများ၊ အဆိုရှင်များက သင်္ကြန်ယိမ်းအကအလှများ၊ တပင်တိုင်သင်္ကြန်အကများဖြင့် အပြိုင်အဆိုင်ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် အကဲဖြတ်ဒိုင်များက အမှတ်ပေးရွေးချယ်၍ ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်သင်္ကြယိမ်းအဖွဲ့များ၊ တပင်တိုင်အကများက တက်တက်ကြွကြွဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ၍ နှစ်သစ်တွင် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကနှင့်တပင်တိုင် အကပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲအားစတင်ကျင်းပရာ ကိုယ်ပိုင်သံစဉ်ယိမ်းအဖွဲ့ ၃ ဖွဲ့၊ ကော်ပီသံစဉ် ယိမ်းအဖွဲ့ ၁၀ ဖွဲ့၊ တပင်တိုင်အက ၆ ဖွဲ့တို့က ပြိုင်ပွဲပထမညအနေဖြင့် သီဆိုကပြဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်မိသားစုနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်/ဝါသနာရှင်များက ပြိုင်ပွဲဝင်သင်္ကြန်ယိမ်း အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်တွင် ဒုတိယအကြိမ် ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်အား ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲနိုင်ရန်နှင့် အောင်မြင်စွာကျင်းပ နိုင်ရန် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း(ဘားအံ-ထုံးအိုင် ကားလမ်းမကြီး)၊ ခေမာလမ်းထိပ်မှအင်ကုန်းလမ်းထိပ်ထိ စုစုပေါင်းပေ ၁၀၀၀ ကျော်အား မုခ်ဦးအလှ၊ ပုသိမ်ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်းအလှများဖြင့် တန်ဆာဆင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည် ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက ဘားအံမြို့လမ်းလျှောက်သင်္ကြန်အား စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

PREVIOUS POST