ဘားအံ - နိုဝင်ဘာ (၁၂)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက တည်ဆောက်ရေးလုပ်ငန်း များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ ရှေ့တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ် တရားလွှတ်တော်(၁၃၄ပေ X ၁၄၁ပေ)RC(၃)ထပ်အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်သည့် အဆောက်အဦအထူးအဖွဲ့(၁၃)ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သူနှင့်တာဝန်ရှိသူများက ပင်မအဆောက်အဦ လုပ်ငန်းတစ်ခုလုံး၏ ၃၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုအခြေအနေ၊ အဆိုပါအဆောက်အဦတွင်ပါဝင်မည့် တရားခွင်များ၊ ရုံးခန်းများ၊ စာကြည့်တိုက်၊ အစည်းအဝေးခန်း အစရှိသည့်ဖွဲစည်း တည်ဆောက်ပုံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများ အား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပွဲကြည့်စင်ပါ(Indoor Stadium) ဇွဲကပင်အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်း ဆောင်၌ တာဝန်ယူတည်ဆောက်သည့် ဖူးပွင့်သစ်ကုမ္ပဏီမှတာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအဆင့် ၇၅ ရာခိုင်နှုန်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ တာဝန်ရှိ သူများကို လိုအပ်သည်များမှာကြားခဲ့ပါသည်။















