ဘားအံ - နိုဝင်ဘာ (၈)
(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဆုပစ္စည်းများ၊ ပြည်နယ်ဂုဏ် ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ပေးခြင်းအားဖြင့် ကာယကံရှင်များကိုယ်တိုင် မိမိကိုယ်ကိုဂုဏ်ယူနိုင်စေရန်၊ အခြားသောသူများကလည်း လေးစားအားကျအတုယူနိုင်ပြီး ပြည်နယ်အတွင်း ထူးချွန်သူများပေါ်ထွန်းလာစေကာ ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုနိုင်ရန် ရည်ရွယ် ခြင်း ဖြစ်ပြီး ဆုရရှိကြသူများအနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့်လက်တွဲ၍ ပြည်နယ်ဂုဏ်ကို ဆောင် နိုင်သူ၊ တိုင်းပြည်အတွက်အားထားရသည့် ဂုဏ်ယူရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဆု၊ မွေးမြူရေးဆိုင်ထူးချွန်ဆု၊ စီးပွားရေးဆိုင်ရာထူးချွန်ဆု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာထူးချွန်ဆု၊ ပညာရေးဆိုင်ရာထူးချွန်ဆု၊လူမှုရေးဆိုင်ရာထူးချွန်ဆု စုစုပေါင်းဂုဏ်ထူးဆောင်ဆု(၁၈၄)ဆုနှင့် ပြည်နယ်အတွင်းလုပ်ငန်းရှင် များအတွက် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ အထူးကုန်စည် ခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊စာစီစာကုံးပြိုင်ပွဲများတွင် ထူးချွန်ဆု၊ တက္ကသိုလ်ဝင်စာမေး ပွဲတွင် အောင်ချက်ကောင်းသော ကျောင်း၊ မြို့နယ်၊ အမှတ်အများဆုံးရကျောင်းသား၊ကျောင်းသူများဂုဏ်ပြုချီးမြှင့်သည့်ဆု၊ အားကစားထူးချွန်ဆု၊ လူရည်ချွန်ထူးချွန်ဆု၊ ကြက်ခြေနီထူးချွန်ဆု၊ (၂၇)ကြိမ်မြောက်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ဌာနဆိုင်ရာပြခန်းများမှ ပြခန်းဆု၊ OVOP ပြခန်းများမှပြခန်းဆု၊ MSME ပြခန်းများမှ ထုတ်ကုန်ဆုများ၊ ပြည်နယ်နေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲဆုရရှိသူများစသည်ဖြင့် ဆုပေါင်း (၁၈၀)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ယနေ့ဆုချီးမြှင့်ပွဲတွင် ဆုပေါင်း ၃၆၄ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။















