ဘားအံ - အောက်တိုဘာ (၁၁)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်စီမံကိန်းဧရိယာ အတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကလေးစုပေါင်း ဝန်ထမ်းအိမ်ရာစခန်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်း ဖြင့် Aung Si Taw Co.,Ltd မှ တာဝန်ယူတည်ဆောက်သော ၄ ခန်းတွဲ ၅ ထပ်ဝန်ထမ်းအိမ်ရာတစ်လုံးတည်ဆောက်ရေး လုပ်ငန်း နှင့် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်း ဖြင့် Maw Pha Maw Kun Co.,Ltd တာဝန်ယူတည်ဆောက်သော ၄ ခန်းတွဲ ၅ ထပ် ဝန်ထမ်းအိမ်ရာတစ်လုံးတည်ဆောက်ရေးလုပ်ငန်းတို့ကို ကြည်ရှုစစ် ဆေးရာ တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီနှင့် မြို့ပြနှင့်အိရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၆၀ ရာခိုင်နှုန်းကျော်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန် ရှိသူများအား မှာကြားသည်။

            ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တောင်းကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအကွက်အမှတ်(၁၂)ရှိ  ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာနပိုင်မြေနေရာ(၄)ဧကအတွင်း ဂါလံ(၂၄၀၀)ဆံ့အမြင့်တင်ကွန်ကရစ်ရေစင်တစ်လုံး တည်ဆောက်နေမှု၊ ပျိုးအိတ် ၅၀၀၀၀ ဆံ့ အလျား ၇၇ ပေ x အနံ ၆၈ ပေ ရှိ အမြဲတမ်းပျိုးဥယျာဉ်(၄)စင်ဆောင်ရွက် နေမှုနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ RC တစ်လုံးတည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများအာ လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ဧရိယာအတွင်းရှိ  စည်ပင်သာယာရေးအဖွဲ့၏ တောင်ကလေးအမှိုက်စွန့်ပစ်မြေနေရာ (မြေဧရိယာ ၂ ဒဿမ ၆ ဧက)အမှိုက်ကန် ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူက တစ်နေ့စွန့်ပစ်တန်ချိန်၊ အမှိုက်များထုထည်လျော့ကျစေရန်၊ ပြန်လည်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်းရွေးချယ်နိုင်ရန် နှင့်အမှိုက်များစနစ်တကျစီမံခန့်ခွဲမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောကျော်ဝင်းက တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုအပ်သည် များမှာကြားခဲ့သည်၊

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကမြင်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၌ ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား အများပြည်သူလာရောက်ကြည့်ရှုမှုနေမှု၊ မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းတောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ အတွက်   လိုအပ်သောပုံစံများအားပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက မဲစာရင်းကပ်ထားကြေညာမှုနှင့် လိုအပ်သောပုံစံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစား ကွင်း ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ )အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်သတ်မှတ်စံချိန်စံနှုန်းများနှင့် အညီ အမြန်ဆုံးပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။