ဘားအံ - စက်တင်ဘာ (၃၀)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင် ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ပထမ အကြိမ်အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ပြည်ထောင်စု ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး ၊ အမှတ်(၉)ရတနာဒီပရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၊ အမှတ်(၅)မာန်အောင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အမှတ်(၁)ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး သရက်တော၊ မြိုင်သဇင်၊ ကြာအင်းရပ်ကွက်တို့မှ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာထားရှိမှု၊ သက်ဆိုင်ရာခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဒေသခံပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေ ရေး ကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်းလာရောက်ကြည့်ရှုရာတွင် မိမိအမည်မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းတောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄)ဖြင့်ကန့်ကွက် နိုင်ရေး၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများမှ လိုအပ်သောပုံစံများအားပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပထမအကြိမ်မဲစာရင်းကပ်ထား ကြေညာမှုများနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကဆန္ဒမဲပေးခွင့်ရှိသူတိုင်းမဲစာရင်းလာရောက် ကြည့်ရှုနိုင်ရေးတိုက်တွန်းနှိုးဆော်ပေးကြရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသူများ အနှောင့်အယှက်ကင်းစွာဖြင့် စိတ် အေးချမ်းသာစွာကြည့်ရှုနိုင်ရေး တာဝန်ရှိသူများကစီမံဆောင်ရွက်ပေးကြရန်၊ မဲစာရင်းဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးပါက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံး အကြိမ်ထပ်မံကပ်ထားကြေညာမည် ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများဆောင်ရွက်နိုင်ရန် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးလူတစ်ဦး မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး နှိုးဆော်ပေးကြရန် တာဝန်ရှိသူများအားမှာကြား ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းနှင့် ပညာရေးဌာနအသင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်လဝကအသင်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းက သုံးပွဲပြတ်၊ အမျိုးသားဗိုလ်လုပွဲစဉ်တွင် ပြည်နယ်လဝက အသင်းက သုံးပွဲတစ်ပွဲတို့ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်များက အမျိုးသမီးပြို်ငပွဲတွင်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသော ပြည်နယ်ရဲတပ်ဖွဲ့ နှင့် လမ်းဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသော ပညာရေးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံး ပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးအမျိုးသားအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသောဆည်မြောင်းအသင်းနှင့်ပညာရေးအသင်း၊ ဒုတိယဆုရရှိသော စည်ပင်သာယာရေးအသင်းတို့ အား တစ်ဦးချင်းလည်ဆွဲဆု၊ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပြည် နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တွင် အနိုင်ရဗိုလ်စွဲသွားသော ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် ဆုဖလားတို့ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ပြည်နယ်လဝကအသင်းအား တစ်ဦးချင်းလည်ဆွဲဆု ၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။















