ဘားအံ - ဩဂုတ် (၂၀)

             အားကစားကိုလေ့လာလိုက်စား၍ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် ကရင်ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ အတွင်း ရန်ကုန်မြို့၌ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကရင်ပြည်နယ်အသင်းဖွဲ့စည်းရန် ရွေးချယ်ကျင်းပသည့်ပြိုင်ပွဲ ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အေရိုးဗစ်အသင်းအနေဖြင့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုနှစ်တွင် လည်း အောင်မြင်မှုဆုဖလားများ ယူဆောင်ပေးနိုင်ရန် ကြိုးစားယှဉ်ပြိုင်ကြစေလိုပြီး ပြည်နယ်ကိုယ်စားပြုအားကစား သမားများကို အကောင်းဆုံးရွေးချယ်ပေးကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

            ထို့နောက် ပြိုင်ပွဲဝင် မြို့နယ်အသင်း(၇)သင်းမှ အားကစားသမား ၉၈ ဦးတို့သည် အားကစားသစ္စာအဓိဌာန် ကို ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြော ကြားကာ အသင်းတစ်သင်းလျှင် ငွေကျပ်သိန်း(၂၀)စီ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားအဖွဲ့များ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး အမျိုးသမီး(၉)ယောက် တွဲပြိုင်ပွဲကိုစတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ပါသည်။