ဘားအံ - မေ (၁၅)
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် “ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့ ၌ ကျင်းပသည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်း သား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ကျောင်းသားမိဘများတက်ရောက်ခဲ့ကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်မြေစိုက်ပိုစ တာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများနှင့်အတူစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကာ ကရင်ပြည်နယ်အတွင်း ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲများကို သက်ဆိုင်ရာမြို့နယ်များ အလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။