ဘားအံ - အောက်တိုဘာ (၂)
ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး၊ ပစ္စည်းလေးပါးအဆင်ပြေစေ ရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် (၇၆) ကြိမ်မြောက်ဆွမ်းဆန်တော်လောင်းလှူပွဲကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်ခြေရင်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော် အောင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ (၇၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို သုံးရက်တိုင်တိုင် ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ် ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများက ဘားအံမြို့ အမှတ်(၂) ရပ်ကွက် စေတီတော်တည်နေရာမှ စတင်၍ ဘားအံမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း ၅၅ ကျောင်းနှင့် သီလရှင် ကျောင်း ၁၅ ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင် ၂၆၈၀ ပါးတို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ တိုင်းရင်းဆေးအမျိုးမျိုး နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း လောင်းလှူပူဇော်ကြခဲ့ကြသည်။
ထို့သို့ ဆွမ်းဆန်တော်လောင်းလှူနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ချီးမြှင့်တော်မူ သော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များသည် မြို့ပေါ်ရပ်ကွက်များသို့လည်း သုံးရက်တိုင်တိုင် ဆွမ်းဆန်တော် အလှူခံကြွရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ဘဝချမ်း သာအခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး ဆောင်ပုဒ်ဖြင့် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သက်ကြီးပုဂ္ဂိုလ်များ၏ အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ်အခြေခံပြီး ကဏ္ဍပေါင်းစုံတွင်ပါဝင်ဆောင်ရွက်ခွင့် ဦးဆောင်ခွင့်ပေးပြီး နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာနများ၊ လူထုအခြေပြုရပ်ရွာအဖွဲ့အစည်းများက အားပေးမြှင့် တင်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး တက်ရောက်လာသော ဂုဏ်ပြုခံဘိုး/ဘွားများ၊ ဧည့်ပရိတ်သတ်များနှင့်အတူ မြန်မာနိုင်ငံသက်ကြီး ပုဂ္ဂိုလ်ပြုစုစောင့်ရှောက်ရေးနှင့်အခွင့်အရေးဆိုင်ရာ ဆောင်ရွက် ချက်များ ဗီဒီယိုမှတ်တမ်းကို အတူတကွကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက တို့က အသက်အကြီးဆုံး အဘိုး တစ်ဦးနှင့်အဘွားတစ်ဦးတို့အား ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၅)သိန်းစီနှင့်လက်ဆောင်ပစ္စည်းများကို ချီးမြှင့်ပေးပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များက ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်အသီးသီးမှ ဂုဏ်ပြုခံဘိုး/ဘွားတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီနှင့်လက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဂုဏ်ပြုခံအဘိုး/အဘွားများကိုယ်စား အဘိုးတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။
ယနေ့အခမ်းအနားတွင် အဘိုးအဘွား ၆၄ ဦးအား စုစုပေါင်း ငွေကျပ် ၁၀၄၀၈၇၀ဝိ/-(တစ်ရာလေးသိန်း ရှစ်ထောင်ခုနှစ်ရာကျပ်) တန်ဖိုးရှိ ဂုဏ်ပြုထောက်ပံ့ငွေနှင့်လက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်း အနားအပြီးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက ဂုဏ်ပြုခံ အဘိုး၊အဘွားများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။















