ဘားအံ - စက်တင်ဘာ (၁၀)

            နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့်စေတနာရှင်များလှူဒါန်းသည့် စားသောက်ဖွယ်ရာများ ပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ  ၉ ရက် မွန်းလွဲ ၂  နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပင် ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို ဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းခြင်းသည် နဝမအကြိမ် မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၈၀၆၇၀၀၀ဝိ/(ရှစ်ရာခြောက်သိန်းခုနှစ်သောင်းကျပ်) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦးထံချီးမြှင့်ပေးအပ်ကာ လှူဒါန်းပေးကြသော ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

            ယင်းနောက် နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ယနေ့လှူဒါန်း  ပွဲတွင် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဇလုံကြီးစားဖွယ်စုံ၊ ငါးသေတ္တာ၊ ကြံသကာ၊ သုခိတာဆေးပေါ့လိပ်၊ ဒါးလှီးဆေး၊ အချိုရည်၊ ယုဇနလက်ဖက်အကြော်စုံ၊ ဘီစကစ်၊ ရည်မွန်အနှစ်ထုတ်၊ အစရှိသော စားသောက်ဖွယ်ရာ(၁၃)မျိုးကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များထမ်းဆောင် နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။