ဘားအံ - ဒီဇင်ဘာ (၄)

            ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ လ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့် ကူညီပေး ကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြ သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်ထည့်သွင်းကျင်းပသော စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတ၊ ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြအမျိုးမျိုးစာအုပ်ဈေးရောင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာစာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှု၊ လူငယ်စာဖတ်ဝိုင်း၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊  နည်းပညာတက္က သိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေးအထောက်အကူပြုပြခန်း၊ အခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်းပဟေဋ္ဌိ(Kahoot Quiz)ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေး၍ အဆိုပါ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေကျပ်(၁၀)သိန်းကို စာကြည့်တိုက်တာဝန်ခံထံချီးမြှင့်ပေးအပ်သည်။

            ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဘားကပ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး   ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာ တိုးတက်စေရမည် Video Clip ကိုအတူတကွကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ခြင်းသည် ရေရှည် ပြုစုပျိုးထောင်ပေးရမည့်လုပ်ငန်းဖြစ်သည့်အတွက် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေမည့်စာပေဖတ်ရှုလေ့လာမှု ရှင်သန်ခိုင်မာလာစေရန် လေ့ကျင့်သင်ကြားပေးကြစေလိုပြီး စာဖတ်သည့် အလေ့အထရရှိစေမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်အောင် ဒေသတွင်းတာဝန်ရှိသူများနှင့်သက်ဆိုင်ရာဌာန များက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကော့ရင်းအောက်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပညာပန်းများ လန်းရာမြေ သီချင်းဖြင့်သီဆိုကပြဖျော်ဖြေကြပြီး လှာကာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက အလှဆုံးပန်းများပွင့်ကြပြီးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေး ရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုပါဝင်ဆင်နွှဲကြသည့် ကျောင်းသား၊ကျောင်းသူများအား နေ့လည်စာ များဝေငှပေးခဲ့ပါသည်။