ဘားအံ - စက်တင်ဘာ (၁၀)
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်သည့်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလရာခိုင်နှုန်း အလိုက်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေး လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၅၂ ဒဿမ ၅၇၇ ကျပ်သန်းဖြင့် Min Engineering Group Co., Ltd မှတာဝန်ယူတည်ဆောက်လျက်ရှိသော အမက-ရဲသာ ရွာသစ် (၆၀x၃၀ပေ)RCC တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၅၂ ဒဿမ ၆၄၈ ကျပ်သန်းဖြင့် ဓနတိုးပွားကုမ္ပဏီလိမိတက်မှတာဝန်ယူတည်ဆောက် သော အထက(ခွဲ)ကမော့ကစင် (၆၀ x ၃၀ပေ) RCC တစ်ထပ်စာသင်ဆောင်အသစ်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးဦးစသိန်းကျော်နှင့်တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ကြရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၆၃ ဒဿမ ၈၅၉ ကျပ်သန်းဖြင့် ရွှေမဲကနယ်ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူတည်ဆောက်သော အထက တရုတ်လှ(၉၀x၃၀ပေ)RCC တစ်ထပ် Plinth level ၄ ပေ စာသင်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လွတ်လပ်ရေး နေ့အမီဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် သံလွင်တံတားထိပ်(ဘားအံဘက်ခြမ်း)တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ မြေယာရှုခင်းအလှပြုလုပ်ခြင်းလုပ်ငန်း (၈၀၀၀ စတုရန်းပေ)အား ကြည့်ရှုစစ်ဆေး ရာ ပြည်နယ်အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်က လုပ်ငန်းတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုနှင့် ထည့်သွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့အဝင်နှင့်ခရီးသွားအများ ပြည်သူဖြတ်သန်းသွားလာသည့်လမ်းပေါ်တွင်တည်ရှိသည့်အတွက် လုပ်ငန်းများအားစေတနာရှေ့ထား၍ ကြိုးပမ်း ဆောင်ရွက်ရန်နှင့် နိုဝင်ဘာလတွင်ကျရောက်မည့် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အမီဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၇၅ ဒဿမ ၄၆၃ ကျပ်သန်း ဖြင့် Min Engineering Group Co., Ltd မှတာဝန်ယူတည်ဆောက်နေသော အမက-ရွှေကင်း(၆၀x၃၀ပေ)RCC တစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း၊၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၈၆၄ ဒဿမ ၆ သန်းဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(သီးသန့်ရဲဝင်း)တွင် ဝန်ထမ်းအိမ်ရာ ၆ခန်းတွဲ ၃ ထပ်(၁၄၆ x၃၅ပေ) သံကူကွန်ကရစ်အဆောက်အဦ(၃)လုံး ၅၀ ရာခိုင်နှုန်းဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသိန်းနှင့် တာဝန်ယူတည်ဆောက်သည့်် ငွေစင်ဆန်း သစ်ကုမ္ပဏီ၊ Magway Icon Co.,Ltd တို့မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လုပ်ငန်းခွင် အားလှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင် ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။















