ဘားအံ - ဇွန် (၁၈)

            ၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။

            ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်နှင့်အောင်မြင်မှု ရရှိရန် ရည်ရွယ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော ဘောလုံး စည်းမျဉ်း၊စည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့အသင်းအနိုင်ရအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုပြီး ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူများဖြစ် အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

            ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အား စကားသမားများအားလိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ အား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဘောလုံးအားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အမျိုးသမီး ဘောလုံးအသင်းက ၁၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း(၇)သင်း အားကစားသမား ၁၄၀ ဦးတို့သည် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့  ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။