ဘားအံ - စက်တင်ဘာ (၂၅)
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးမောင်မောင်ဦး ဦးစီး၍ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ပြည်သူ့အကျိုးပြုစုပေါင်းလုပ်အားပေးပွဲနှင့်စုပေါင်းသွေးလှူဒါန်းပွဲတို့ကို ဆောင်ရွက် ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ပရဝုဏ် အတွင်း/အပြင်တို့တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဘားအံမြို့မ ရဲစခန်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၃၁)မူးယစ်ရဲတပ်ဖွဲ့စု၊ အမှတ်(၁၀)မှုခင်းရဲတပ်ဖွဲ့စု၊ အမှတ်(၄)သတင် ရဲ တပ်ဖွဲ့၊ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု တို့မှတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်(၁၅၀)ဦးက စွန့်ပစ်ပလက် စတစ်နှင့် အမှိုက်သရိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် ရေးဆောင်ရွက်ခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း အစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ယန္တရား များအသုံးပြု၍ စုပေါင်းလုပ်အားပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း ပွဲကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) တိုးချဲ့(၃)ထပ်နာဆောင် အပေါ်ထပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက သွေးလှူဒါန်းကြမည့် တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် (၁၂၂)ဦးတို့အား ပြည်သူ့ဆေးရုံကြီး(ဘားအံ)ရောဂါဗေဒဌာန၊သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနေ မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းရန်ကိုက်ညီသူများအား ကျန်းမာရေးဝန်ထမ်း များ၏အကူအညီဖြင့် သွေးသန့်များဖောက်ထုတ်လှူဒါန်းပေးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားများပြောကြား၍ ကြက်ဥ၊ အားဖြည့်အချိုရည်၊ ငှက်ပျောသီး အစရှိသည့် ခွန်အားဖြည့်အစားအစာများကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။















