ဘားအံ - စက်တင်ဘာ (၂၅)

            ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကို စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့ တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမနှင့်လူငယ်စင်တာတို့တွင် ကျင်းပသွားမည်ဖြစ်ရာ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဖိုရမ်ကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလွှာပေါင်းစုံ၊အဖွဲ့အစည်းပေါင်းစုံပါဝင်သော ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၆ ကို ဘားအံမြို့တွင် အောင်မြင်စွာကျင်းပနိုင်ရေး ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အနီးရှိ လူငယ်စင်တာတွင်  သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အဖွဲ့လိုက်ဆွေးနွေးခြင်း(Group Discussion) ဆောင်ရွက် နိုင်ရန် ခန်းမများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာတွင် ဧည့်သည်တော်များ တည်းခိုနေထိုင်နိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်ကန်သာဦးနှင့် ကန်သာဦး ခန်းမတို့တွင် ဖိုရမ်သို့တက်ရောက်လာသူများအား ဧည့်ခံကျွေးမွေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဇွဲကပင် ခန်းမတွင်ဖိုရမ်ဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနား၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာအသိပညာများ၊ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက်စာတမ်းဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ် စီမံချက်များ အပြန်အလှန်ဆွေးနွေးခြင်း နှင့် သုံးသပ်အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။