ဘားအံ - စက်တင်ဘာ (၁၆)
“ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချ ခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အအေးပေးနည်းပညာနှင့် ဆက်စပ်လုပ်ကိုင်နေကြသည့် အင်ဂျင်နီယာများ၊ နည်းပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်မောင်မယ်များ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ ဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ဗီဒီယို၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုတို့ကို အတူတကွကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်း ပါးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းကူညီပေးသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီး နှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော ဆုရစာစီစာကုံး၊ ပန်းချီလက်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရေထု၊လေထု၊ မြေထုတိုင်းကိရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာအုပ် စာစောင်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)ကာလအတွင်းဆောင်ရွက်ခဲ့သောလုပ်ငန်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု အားပေး၍ လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး ရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်သင်တန်းကျောင်း (ဘားအံ)မှ ဖွင့်လှစ်သည့် ဂဟေသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ ရွာလယ်ကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာ၊ ရွာလယ်တိုက်ကျောင်းဆရာတော်အား သွား ရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလူငယ်များအနေဖြင့် သင်တန်းမှသင်ကြားပေးခဲ့သည့် သင်ခန်းစာများကို လက်တွေ့ဘဝနယ်ပယ်တွင် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်ပြီး သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးက သင်တန်းသားများ အားသင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းဆင်းသင်တန်းသားများကိုယ် စား သင်တန်းသားတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့ သင်တန်းဆင်းသည့် ဂဟေသင်တန်းကို စက်မှုလက်မှုဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစည်မျဉ်းများ၊ အခြေခံဂဟေနည်းပညာများ၊ တိကျသည့်တိုင်းတာတွက်ချက်မှုနှင့်ပုံစံထုတ်လုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင်စည်းကမ်း၊ ကျင့် ဝတ်နှင့်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုများကို သင်တန်းသား(၂၀)ဦးအား ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့ စနစ်တကျလေ့ကျင့်သင်ကြားပြီးစီး၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ကာ ပြည်နယ်အစိုးရအဖွဲ့မှ စာသင်ကျောင်းသို့ပေးအပ် လှူဒါန်းရန် ကျောင်းသုံးစာသင်ခုံတန်းရှည် အလုံး(၁၀၀)၊ ကျောင်းသုံးစာသင်စားပွဲအလုံး(၃၀၀)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံကျောင်းသို့ပေးအပ်ရန် တစ်ယောက်အိပ်ကုတင်အလုံး(၅၀)တို့ကိုပြုလုပ်ပေးရန် သင်တန်းဆင်းလူငယ်များထံ တိုက် ရိုက်လုပ်ငန်းအပ်နှံပေးခဲ့သည်။
သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းလူငယ်များအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေး၍ ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်ထားသော သင်တန်းဆင်းဂဟေလက်ရာများကို လိုက်လံကြည့်ရှု အားပေးကာ လိုအပ်သည်များအားတာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။















