ဘားအံ - ဩဂုတ် (၂၈)
ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါး ၄၂၈၆၉၈ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးဦးစီး ဌာနနှင့်နှီးနွယ်ဆက်စပ်ဌာနများ၊ အကျိုးဆောင်တောင်သူများပူးပေါင်း၍ လျာထားဧကပြည့်မီကျော်လွန်ရေးနှင့် တစ်ဧက အထွက်နှုန်းတိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်နှင့်တာဝန်ရှိသူများကဘားအံမြို့နယ်၊ဝင်းဒရယ်ကျေးရွာရှိတောင်သူ ဦးဟင်္သာ၏ မိုးစပါးseederစံပြကွက် ၁၈ ဧကသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုအားပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးတို့က သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အတွင်း လျာထားဧကပြည့်မီကျော်လွန်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးနှင့် မိုးသီးနှံ များစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်းနှင့် ပြည်နယ်အတွင်း မိုးစပါး ၂၈၅၀၃၆ ဧကစိုက်ပျိုးပြီးစီး၍ လျာထားဧကပြည့်မီကျော် လွန်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။















