ဘားအံ - ဩဂုတ် (၂၉)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး၊ မြို့အင်္ဂါရပ်များနှင့်အညီ Green City, Clean City ဖြစ်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဦးဆောင်၍ ဌာန ဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ အခါအားလျှော်စွာစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၌ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများစုပေါင်း၍ ယာဉ်ယန္တရားများအသုံးပြု၍ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်သရိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင် ရွက်ခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက တက္ကသိုလ် ပရိဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် အခြေခံအဆောက်အဦတည်ဆောက် မှုအခြေအနေ များကိုရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင် ရေး တက္ကသိုလ်ပရိဝုဏ်အား သန့်ရှင်းသာယာလှပသောပတ်ဝန်းကျင်ကောင်းအဖြစ် အစဉ်ဖန်တီးပေးကြရန် မှာကြားခဲ့ သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ ၌ လှိုင်းဘွဲမြို့နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများ သည် အစိုးရ၏မူဝါဒနှင့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရသူများဖြစ်၍ အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေပြီး သက်ဆိုင်ရာဌာန၏တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြဖို့လိုကြောင်း၊ ပြည် သူနှင့်နေ့စဉ်ထိတွေ့ဆက်ဆံရသူများဖြစ်သည့်အတွက် စေတနာထား၍ လုပ်ကိုင်ကြစေလိုပြီး သွေးထိုးလှုံဆော်မှုများကို နားမယောင်ဘဲ ကျန်းမာရေးကိုအထူးဂရုစိုက်ကြစေလိုကာ ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြစေလို ကြောင်း ပြောကြားသည်။

            ထို့နောက် လှိုင်းဘွဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေး မြူရေးဆိုင်ရာကိစ္စရပ်များ၊ ရေကြီးရေလျှံမှုကြောင့် လမ်း၊တံတားများထိခိုက်ပျက်စီးမှုများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များနှင့်ဖြည့်ဆည်းဆောင်ရွက်ပေးစေလို သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက်ပြီး ကျောင်းစာကြည့်တိုက်အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေ၊ စာသင်ခန်း၊စာသင်ဆောင်၊ပရိဘောဂ၊ သင်ထောက်ကူပြည့်စုံလုံလောက်မှုရှိ/မရှိနှင့် သင်ကြား၊သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်းတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမများအတွက် အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်း ကို ကျောင်းအုပ်ကြီးထံချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။