ဘားအံ - ဩဂုတ် (၁၇)
နည်းပညာနှင့်စက်မှုလက်မှုလုပ်ငန်းများတိုးတက်များပြားလာသည်နှင့်အညီ ကျွမ်းကျင်လုပ်သား လိုအပ်မှုများပြား လာသည့်အတွက် ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင် ဂဟေသင်တန်းကို ဖွင့်လှစ် သည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဂဟေ သင်တန်းသည် ယနေ့ခေတ်တွင်ရေပန်းစားနေသည့် သင်တန်းဖြစ်ပြီး သေချာစွာလေ့လာ၍ ဆည်းပူးလိုက်စားမည်ဆိုပါက သင်တန်းသားတို့၏ဘဝရပ်တည်နေထိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုကူညီနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပေးမည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့်ဂဟေသင်တန်းမှ အရည်အချင်းပြည့်မီသောကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွန်း လာစေရေးအတွက် လုပ်ငန်းခွင်အတွင်း လုံခြုံဘေးကင်းစွာလုပ်ကိုင်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသော ဂဟေဆက် လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို စနစ်တကျလေ့ကျင့်သင်ယူခွင့်ရရှိကြမည်ဖြစ်ပြီး အထူးသဖြင့် ဂဟေဆက်ခြင်းပညာ ရပ်သည် ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ သံထည်လုပ်ငန်းနှင့်အခြားသောနည်းပညာဆိုင်ရာလုပ်ငန်းကဏ္ဍအသီး သီးတွင် မရှိမဖြစ်လိုအပ်သည့်အရေးပါသော အသက်မွေးဝမ်းပညာရပ်တစ်ခုဖြစ်ကာ ပြည်နယ်အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်လကြာ စာတွေ့လက်တွေ့ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား(၂၀)ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ ပါသည်။















