ဘားအံ - ဩဂုတ် (၁)
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံ သည့်ကုန်ထုတ်လုပ်ငန်းများကိုအားပေးမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည် ဖော်၍ ထွက်ရှိလာသည့်ထုတ်ကုန်များကို သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး လစဉ်ပထမအပတ်၏ စနေနေ့တိုင်းတွင် ဘားအံမြို့သီရိကွင်း၌ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်) တောင်သူ လယ်သမားဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းနှင့် တာဝန်ရှိသူ များသည် အဆိုပါဈေးဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြသည်။
တောင်သူလယ်သမားဈေးတွင် ဒေသထွက်မွေးမြူရေး ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဒေသထွက်ဟင်းသီး ဟင်းရွက် (စားဖိုဆောင်သီးနှံ)အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများ အသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီအရောင်းဆိုင်ခန်းများ စသည်ဖြင့် အရောင်းဆိုင်ခန်းပေါင်း ၄၁ ခန်းဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြကာ နောင်လာမည့် အပတ် များတွင်ဈေးဆိုင်ခန်းများ ပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချ နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။















