ဘားအံ - ဇွန် (၁၆)
ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ရန် ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)မှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်)ဖွင့်ပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ၊ ကော့ထော်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကော့ထော်တိုက်ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေ များဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သင်တန်းဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှသင်ကြားပို့ချသည့်ဘာသာ ရပ်များကို စိတ်ပါဝင်စားစွာသင်ယူလေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်သည့်ကျွမ်းကျင်မှုများရရှိအောင် ကြိုးစားကြစေလိုကာ စက်ချုပ်နည်းပညာသင်တန်းမှတဆင့်ကျွမ်းကျင်လုပ်သားများပိုမိုမွေးထုတ်၍ ဒေသစီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည် သူများ၏လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် အကျိုးရှိစွာအထောက်အကူပြုနိုင်သည့် သင်တန်းဖြစ်အောင် စီမံဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)အနေဖြင့် ဒေသခံပြည်သူများဆင်းရဲနွမ်းပါးမှုလျော့ချနိုင် စေရန်နှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေ ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူလူထုအတွင်းနည်းပညာပျံ့နှံ့စေပြီး သွင်းကုန် အစားထိုးလုပ်ငန်းများစီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး ရက်ကန်းပုံမှန်သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းကာလ တိုသင်တန်းများဖွင့်လှစ်လျှက်ရှိသည့်အပြင် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရန်နှင့် ကျေးလက်နေ မိသား စု ဝင်ငွေတိုးရေးစီမံကိန်းဖြစ်သော အမျိုးသမီးများဝင်ငွေတိုးရရှိရေးအတွက် စက်ချုပ်နည်းပညာသင်တန်းနှင့် လက်ရက် ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူတစ်ဦးထံ ချီးမြှင့်ပေးအပ်သည်။
ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်သင်တန်း ၅ ခု၊ စားသောက်ကုန်သင်တန်း ၁ ခု၊ လူသုံးကုန်သင်တန်း ၂ ခု၊ ဆိုင်ကယ်သင်တန်း ၁ ခု၊ စုစုပေါင်း ၉ ခု၊ ရက်ကန်းနှင့် သက်မွေး ပညာသင်တန်းကျောင်းအနေဖြင့် စက်ချုပ်သင်တန်း ၂ ခု၊ ရက်ကန်းသင်တန်း ၁ ခု၊ စုစုပေါင်း ၃ ခု၊ ကော့ကရိတ်ခရိုင်အနေဖြင့် ဆိုင်ကယ်ပြင်သင်တန်း ၁ ခု ၊ စက်ချုပ်သင်တန်း ၂ ခု ၊ စုစုပေါင်း ၃ ခုတို့ဖြင့် ဘဏ္ဍာနှစ်တစ်ခုလုံးအတွက် စီမံကိန်းစုစုပေါင်း ၁၅ ခုဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ကော့ထော်ကျေးရွာစက်ချုပ်သင်တန်းတွင် သင်တန်းသူ ၁၀ ဦးဖြင့် ဇွန်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပထမအကြိမ် သင်တန်းနှင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ထိကို ဒုတိယ အကြိမ်သင်တန်းတို့ကို ဖွင့်လှစ်သွားမည်ဖြစ်ကာ သတ်မှတ်ချက်နှင့်ပြည့်စုံသည့်ထူးချွန်သင်တန်းသူ(၅)ဦးကိုရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ်(၁၇သိန်း ၄သောင်း)တန်ဖိုးနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။















