ဘားအံ - ဇွန် (၁၅)

            ပြည်သူများ၏အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ကရင်ပြည်နယ်လူငယ် စင်တာ၌ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်သည်။

            သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနယ်ပယ်တွင် ဘဏ္ဍာငွေရရှိမှု အရင်းအမြစ်များတိုးမြှင့်ရရှိအောင်ဆောင်ရွက်ရေး၊ အသုံးစရိတ်များကိုစနစ်တကျခွဲဝေရေး၊ ခွဲဝေပေးသော အသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသုံးစရိတ်များ လေလွင့်ဆုံးရှုံးမှုမရှိ စေရန်၊ ပြည်သူလူထုကိုတိုက်ရိုက်အကျိုးရှိစေမည့်လုပ်ငန်းစီမံကိန်းများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းတွင်သင်ကြားပို့ချမည့်သင်ခန်းစာများကို စာတွေ့လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန် ကြိုးစားလေ့လာသင်ယူ၍ ဝန်ထမ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ လူတော်လူကေင်းများဖြစ်အောင် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးနေလင်းထက်က ပြည်သူ့ဘဏ္ဍာရေး စီမံ ခန့်ခွဲမှုသင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းကို သင်တန်းသား၊သင်တန်းသူ ၃၉ ဦးက ဇွန်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၄ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်း သား၊ သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများပြော ကြားခဲ့သည်။

            ဆက်လက်၍ ကရင်ပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ် ကြီးကြပ်ရေးအဖွဲ့မှကြီးမှူး၍ အသက်(၃)နှစ်မှ(၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်လူငယ်စင်တာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ကလေးများ၏ဘဝတွင် ပထမဆုံးပြုစုပျိုးထောင်ပေးကြရသူများဖြစ်သည့်အတွက် ယခုသင်တန်းမှပို့ချ ပေးမည့် ဘာသာရပ်ဆိုင်ရာသီအိုရီများ၊ ကလေးဗဟိုပြုချဉ်းကပ်မှုနည်းလမ်းများကို ကြိုးကြိုးစားစား လေ့လာမှတ်သားသင် ယူပြီး လက်တွေ့လုပ်ငန်းခွင်တွင်ပြန်လည်အသုံးချကာ မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက် တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၁၂၇၆၀၀ဝိ/-(တစ်ဆယ့်နှစ်သိန်းခုနှစ်သောင်း ခြောက်ထောင်)ကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးစာမွေ့ထံသို့လည်းကောင်း၊ သင်တန်းသူ(၃၂)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်(၃၂)သိန်းကို သင်တန်းသူများထံသို့လည်းကောင်း ချီးမြှင့်ပေးအပ်ပြီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က သင်တန်းသူများ ကိုယ်စားသင်တန်းသူနှစ်ဦးအား သင်ထောက်ကူပစ္စည်းများကို ချီးမြှင့်ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့သည်။

            အဆိုပါသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိ က မူလတန်းကြိုကျောင်းများမှ သင်တန်းသူ ၃၂ ဦးတက်ရောက်ကြပြီး တစ်လကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။