ဘားအံ - မေ (၃၀)
ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကို မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပရာ လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ကရင်ပြည်နယ်ဒေသထွက် သယံဇာတများ၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်ထားသော ဒေသထုတ်ကုန်များကို ပြသရောင်းချခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့မဘောလုံးကွင်းအတွင်း ခင်းကျင်းပြသထားသည့် လုပ်ငန်းရှင် (၄၂)ဦး၏ စားသောက် ကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ မြေဩဇာ၊ အဝတ်အထည်၊ လူသုံးကုန်၊ ကျောက်မျတ်ရတနာ၊ ရာဘာထုတ်ကုန် ပစ္စည်းဆိုင်ခန်းပေါင်း ၄၀ ကျော်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ လိုအပ်သည့် ကုန်ကြမ်း၊ အရင်းအနှီး၊ နည်းပညာနှင့်ဈေးကွက်များရရှိနိုင်ရေး၊ ရေရှည်ရပ်တည်နိုင်သော စီးပွားရေးလုပ်ငန်းများဖြစ်စေရေး၊ သက်ဆိုင်ရာဌာနများနှင့်လုပ်ငန်းရှင်များပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပ သည့် လူငယ်တွေ့ဆုံပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ မြန်မာ နိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်း ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိလူငယ်အဖွဲ့အစည်းများမှ လူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံကိုအလေးပြု၍ အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမောင်သင်းက ယနေ့အခမ်းအနားကိုတက်ရောက်လာကြသော လူငယ်အဖွဲ့အစည်းများအားလုံး မြန်မာ လူငယ်များအားလုံးကို တိုးတက်စေချင်၊ အောင်မြင်စေချင်ပြီး လူငယ်များ၏အနာဂတ်အစွမ်းကုန်ဖွံ့ဖြိုးစေချင်ကာ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များကို အားကိုးသင့်အားကိုးထိုက်သူများ၊ အနာဂတ်၏မီးရှူးတန်ဆောင်များ ဖြစ်လာ စေရန် လူငယ်များ၏အရည်အသွေး စဉ်ဆက်မပြတ်မြင့်မားနေစေရန် တက်ကြွပြီး စွမ်းရည်ထက်မြတ် တန်ဖိုးမြင့်မားသည့် နိုင်ငံ၏သားကောင်းရတနာလေးများဖြစ်လာစေရန် ဖြည့်ဆည်းပျိုးထောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များကို အသက်မွေးဝမ်းကြောင်းသင်တန်းများ၊ စိတ်ဓာတ်မြှင့်တင်ရေးစကားဝိုင်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင် ထပ်မံ ဆုံတွေ့လိုပြီး အနာဂတ်မြန်မာ့လူငယ်များဖွံ့ဖြိုးမှုအစ ဖားစည်သံလွှမ်းမိုးသည့်နယ်မြေက ဆိုသည့်အတိုင်း ယနေ့အခမ်း အနားကို တက်ရောက်လာကြသည့်လူငယ်များက ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး တာဝန်ရှိသူများကလည်း ဝိုင်းဝန်း ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က လူငယ် ရေးရာကဏ္ဍများအလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လူငယ်များအတွက် အားကစားပစ္စည်းများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးထံ ပေးအပ် လှူဒါန်းပြီး အခမ်းအနားသို့တက်ရောက်သော လူငယ်အဖွဲ့အစည်းများမှ လူငယ်ခေါင်းဆောင်များက သိရှိလိုသည်များမေး မြန်းဆွေးနွေးရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များက စုပေါင်းမှတ်တမ်းဓာတ် ပုံရိုက်ကူးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာ သော ကဏ္ဍပေါင်းစုံမှ လူငယ်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကာများပြောကြားခဲ့ပါသည်။















