ဘားအံ - မတ် (၃)
ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီး၌ စာသင်၊စာချသီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာ တော်၊သာမဏေ၊သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး၊ ပစ္စည်းလေးပါးအဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓ သာသနာတော်ကိုအထောက်အပံ့ဖြစ်စေရေးရည်မှန်းပြီး ဘားအံမြို့ကျက်သရေဆောင်ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ၏ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၂ ရက် နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်၎င်းတို့၏မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာ နွယ်ဝင်စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၆ ကျောင်း၊သီလရှင်ကျောင်း ၁၅ ကျောင်းတို့မှ ရဟန်း၊ သာမဏေ၊ သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ဆေး၊ဆား၊ခေါက်ဆွဲခြောက်၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ထိုသို့လောင်းလှူရာတွင် ဗုဒ္ဓဘာသာဝင်တို့၏ အလှူပေးခြင်းအစဉ်အလာကို အမွေခံရန်၊ ရဟန်း၊ သာမဏေ၊ သီလ ရှင်များနှင့်ဗုဒ္ဓဘာသာဝင်များအကြား ဆရာ၊ဒကာညီညွတ်မျှတစွာဖြင့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်၊ သာသနာတော် စည်ပင်ပြန့်ပွားရေးကိုချီးမြှင့်ထောက်ပံ့နိုင်ရန်အတွက် တပေါင်းလပြည့်နေ့တွင် ပရိယတ္တိ၊ပဋိပတ္တိတာဝန်များကို ကျေပွန် စွာထမ်းဆောင်လျက်ရှိသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသခံ တိုင်း ရင်းသားပြည်သူများ ကြည်ဖြူစွာလက်တွဲ၍ ဆွမ်းဆန်တော်အစရှိသောပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်းဖြင့် ကုသိုလ်ဒါန မျိုးစေ့ချ၍ ပစ္စုပ္ပန်၊သံသရာနှစ်ဖြာကောင်းကျိုးတို့ကိုစုစည်းညီညာစွာပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ဆရာဒကာစုံလင်စွာဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီက ဘားအံမြို့မဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည် နယ်ဝန်ကြီးများက ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့မဘောလုံးကွင်း အတွင်း ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များမှ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းစတုဒိသာ မဏ္ဍပ် ၆၂ ခုမှ မြန်မာမုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ စားဖွယ်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်ခင်းဧည့်ခံမှု၊ ဘားအံမြို့ ပေါ်ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများမှ စတုဒိသာလာရောက်သုံးဆောင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး တစ်ချိန်တည်းတွင် ဝန်ကြီးဌာနအလိုက်မီးပုံးပျံများလွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြကာ တည်ခင်းဧည့်ခံ သော အစားအစာများကိုသုံးဆောင်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။















