ဘားအံ - ဒီဇင်ဘာ (၂၀)
ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သံလွင်မြစ်ကမ်းနဖူး၊ အမှတ်(၃)ရပ်ကွက်၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှစတင် ကျင်းပခဲ့ပြီး ဘားအံမြို့နယ်အတွင်းရှိတိုက်နယ်များနှင့် မြို့နယ် များမှ လှေလှော်အသင်း ၁၂ သင်း ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၄၉၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၇ တက်လှော်ပြိုင်ပွဲနှင့် ၂၀ တက် နဂါးလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ကို သံလွင်မြစ်အတွင်း ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရေပြင်သက်ကယ်အဖွဲ့တို့ကို ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ ဝင်များက အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲနှင့်အမျိုးသမီး (၇)တက်လှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြ သူများ၊ အမျိုးသမီး(၂၀)တက်လှော်ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု နှင့်ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည် နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းတို့က အမျိုးသား(၅)တက်လှော်ပြိုင်ပွဲ၊(၇)တက်လှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ (၂၀)တက်လှော်ပြိုင်ပွဲတွင် ဒုတိယနှင့်တတိယဆုရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က အမျိုးသမီး(၂၀)တက်နဂါးလှေလှော်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွား သော ဂျိုင်းတိုက်နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသား(၂၀)တက်နဂါးလှေလှော်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော မိဇံတိုက်နယ် အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများသည် ဒီဇင်ဘာလ ၁၉ ရက် နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်း အမှတ်ပဒေသာကပွဲ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။















