ဘားအံ - အောက်တိုဘာ (၂၄)
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ (၂၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်ကိုစည်ကားခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှသိရသည်။
တန်ဆောင်မုန်းလပြည့်အဖိတ်နေ့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပဒေသာပင်များကို မြို့တွင်းလှည့်လည်မည်ဖြစ်ပြီး လပြည့်နေ့နံနက်ပိုင်းတွင် သေဌမာရ်အောင်ဘုရာကြီး၌ မသိုး သင်္ကန်းကိုဆက်ကပ်၍ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကထိန်လျာဉာတ်သင်္ကန်းကိုဆက်ကပ်လှူဒါန်းရေစက်ချ တရားနာနှင့်ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ကထိန်လျာသင်္ကန်းနှင့်ပေဒသာပင်များ ကို ကျောင်းတိုက်အသီးသီးသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။
လပြည့်နေ့ညဦးပိုင်းတွင် ကန်သာယာဦးပေါက်တံတား၌ လျှပ်စစ်မီးများထွန်းညှိ၍ ကျော်ဇေယျလမ်းနှင့် မာန်းနဲစန်လမ်းတို့တွင် စားဖွယ်မျိုးစုံပါဝင်သော နိဗ္ဗာန်ဈေးပွဲတော်ကိုကျင်းပသွားမည်ဖြစ်ပြီး မီးပုံပျံကွင်းတွင် မီးပုံး များလွှတ်တင်ကြမည်ဖြစ်ကာ ကန်သာယာပတ်လမ်းတွင်လည်း မီးပုံးများထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။
အစည်းအဝေးတွင် (၂၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တန်ဆောင်မုန်းလပြည့်နေ့နှင့် စုပေါင်းမဟာဘုံကထိန်ပွဲတော်တို့ကို စည်ကားခမ်းနားစွာကျင်းပနိုင်ရေးဆွေးနွေးတင်ပြ ကြကာ ကျင်းပရေးဆပ်ကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ထို့သို့တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ဒေသတွင်းခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ (၈/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌစီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး (၈/၂၀၂၄)အစည်းအဝေးတွင် ဒေသကော်မတီမှလုပ်ကိုင်ဆောင်ရွက်နေ မှုများနှင့်ဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံ ပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြပြီး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့် ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာခရီးစဉ်ဒေသအလိုက် ခရီးစဉ်ဒေသပိုမိုဖွံ့ဖြိုး တိုးတက်ရေးတင်ပြဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်ကတင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။